မြစ်ဆုံစီမံကိန်းကို ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း IFC က ဦးဆောင်ပြီး မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ်ကဏ္ဍအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက် SEA နဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ Palm Spring Resort မှာ ပြုလုပ်နေချိန်မှာ မြစ်ဆုံဒေသခံရွာသားတွေက ဧရာဝတီမြစ်ဆုံစီမကိန်းကို ဆက်လက်အကောင်အထည်မဖော်ဖို့ အဲဒီဟိုတယ်ရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အလုပ်ရုံဆွေးနွေးပွဲမှာ ဆန္ဒပြခေါင်းဆောင် မြစ်ဆုံဒေသခံ ကိုယ်စားလှယ်တချို့ကို ဖိတ်ခေါ်ခဲပြီး ဒီဆွေးနွေးပွဲဟာ မြစ်ဆုံစီမံကိန်းအပါအဝင် ဘယ်ရေအားလျှပ်စစ်စီမံကိန်းကိုမဆို အားပေးခြင်း မဟုတ်ကြောင်း၊ အစိုးရက မှန်ကန်တဲ့ မူဝါဒကောင်းတွေချမှတ်နိုင်ဖို့ သုတေသနပြုလုပ်ခြင်းသာဖြစ်ကြောင်း အဲဒီ ဆွေးနွေးပွဲကို ဦးဆောင်သူတွေက ရှင်းပြဆွေးနွေးခဲ့ပါတယ။်

ဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်လက်အကောင်အထည်မဖော်ဖို့ ဆန္ဒထုတ်ဖော်ရာမှာပါဝင်ခဲ့တဲ့ မြစ်ဆုံစီမံကိန်းကြောင့် မလိယန်ကျေးရွာမှာ ရွှေ့ပြောင်းခိုလှုံနေသူတဦးဖြစ်သူ ဦးမုန်ရာ ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း တွေ့ဆုံမေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org