မြောက်ဦးဆန္ဒပြပွဲမှာ ပါဝင်သူ ၈ ဦး တရားရုံးမှာ ရမန်ယူ
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဆန္ဒပြသူတွေကို ရဲကသေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေနတ်ဒဏ်ရာတွေရရှိခဲ့တဲ့ ဒေသခံ ၈ ဦးကို မြန်မာနိုင်ငံအလံ အက်ဥပဒေ ပုဒ်မ ၁၆ နဲ့ ထပ်မံဖမ်းဆီးလိုက်ပြီး မြောက်ဦးမြို့နယ် တရားရုံးမှာ ဒီနေ့ ရမန်ယူခဲ့ပါတယ်။
-
2018-09-26 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဆန္ဒပြသူတွေကို ရဲကသေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေနတ်ဒဏ်ရာတွေရရှိခဲ့တဲ့ ဒေသခံ ၈ ဦးကို မြန်မာနိုင်ငံအလံ အက်ဥပဒေ ပုဒ်မ ၁၆ နဲ့ ထပ်မံဖမ်းဆီးလိုက်ပြီး မြောက်ဦးမြို့နယ်တရားရုံးမှာ ဒီနေ့ ရမန်ယူခဲ့ပါတယ်။
အဲဒီ ၈ ယောက်ဟာ ဥပဒေနဲ့ဆန့်ကျင်တဲ့သူတွေထဲမှာပါဝင်မှု ရာဇသတ်ကြီး ပုဒ်မ-၁၄၅ နဲ့ ပြောင်းလဲစွဲချက်တင်ပြီး စစ်တွေမြို့နယ် တရားရုံးက မနေ့က ထောင်ဒဏ် ၈ လ အမိန့်ချမှတ်လိုက်သူတွေလည်း ဖြစ်ပါတယ်။
အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။