မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် နဲ့ မေးမြန်းချက်

0:00 / 0:00

အစိုးရက ရေးဆွဲထားတဲ့ အမျိုးသားပညာရေးဥပဒေ မူကြမ်းကို အဖွဲ့ဝင်အင်အား ၇၀၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကလည်း ကန့်ကွက်ကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆရာ ဦးသန်းထိုက်အောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။