ဆရာ/ဆရာမတွေ နိုင်ငံခြားသွားခွင့် ကန့်သတ်မှု ခေတ်နောက်ပြန်ဆွဲမူဝါဒအဖြစ် ဝေဖန်နေ

ဆရာ/ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက အစည်းအဝေး၊ သင်တန်း၊ စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲ၊ ညီလာခံ၊ လေ့လာရေး စသဖြင့်ဖိတ်တဲ့အခါ ပုဂ္ဂလိကနာမည်တွေနဲ့ဖိတ်ရင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ ခွင့်မပြုတော့ဘူးလို့ ပညာရေးဝန်ကြီးဌာနရဲ့ ကြေညာချက် ထွက်လာပါတယ်။

ဒါဟာ ခေတ်နောက်ပြန်ဆွဲတဲ့ မူဝါဒကျင့်သုံးနေတာလို့ ပညာရေးအသိုင်းအဝိုင်းက ထောက်ပြကြသလို၊ ဆရာ/ဆရာမတွေကြားမှာလည်း မကြေနပ်ချက်တွေ ဖြစ်နေပါတယ်။ ဒါ့အပြင် ဆရာ/ဆရာမတွေ အပါအဝင် အစိုးရဝန်ထမ်းတွေ ပြည်တွင်းမှာ မိုင် ၅၀ ကျော်ပြီး ခရီးသွားမယ်ဆိုရင် ခွင့်ပြုချက်တင်ရတာ၊ ပြည်ပခရီးထွက်မယ်ဆိုရင် တခြားနိုင်ငံသားတွေလို တူညီတဲ့ နိုင်ငံကူးလက်မှတ်မရပဲ သီးခြားသတ်မှတ်ထားတဲ့ တစ်ခါသုံး နိုင်ငံကူးလက်မှတ်ပဲရတာကလည်း နိုင်ငံသားအခွင့်အရေး တန်းတူမရတဲ့ဆုံးရှုံးမှု ဖြစ်နေတယ်လို့ ပြောကြပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ် အဆင့်မြင့်ပညာရေးကဏ္ဍ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေတဲ့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်က ရူပဗေဒကထိက ဒေါက်တာဇော်မျိုးလှိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org