သက်သေအထောက်အထား ဖျောက်ဖျက်မှု စွပ်စွဲချက် မြန်မာကိုယ်စားလှယ် ပယ်ချ

ရခိုင်ပြည်နယ်က ရိုဟင်ဂျာကျေးရွာတွေမှာ မွတ်စလင်တွေအပေါ် စစ်တပ်က အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့ အထောက်အထားတွေကို လက်စဖျောက်တဲ့အနေနဲ့ မြန်မာအစိုးရက ဖျက်ဆီးနေတယ်လို့ ဗြိတိန်နိုင်ငံထုတ် ဂါဒီးယန်း သတင်းစာမှာ မနေ့က ဘူဒိုဇာတွေနဲ့ ဘက်ဟိုး မြေထိုးယာဉ်ကြီးတွေ ရပ်နားထားတဲ့ ဓါတ်ပုံတွေနဲ့ ဖော်ပြတဲ့ဆောင်းပါးကို Press TV အီရန်သတင်းဌာန က ထပ်ဆင့်ဖေါ်ပြပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာကျေးရွာတွေမှာ မွတ်စလင်တွေအပေါ် စစ်တပ်က အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ အထောက်အထားတွေကို လက်စဖျောက်တဲ့အနေနဲ့ မြန်မာအစိုးရက ဖျက်ဆီးနေတယ်လို့ ဗြိတိန်နိုင်ငံထုတ် ဂါဒီးယန်းသတင်းစာမှာ မနေ့က ဘူဒိုဇာတွေနဲ့ ဘက်ဟိုး မြေထိုးယာဉ်ကြီးတွေ ရပ်နားထားတဲ့ ဓါတ်ပုံတွေနဲ့ ဖော်ပြတဲ့ဆောင်းပါးကို Press TV အီရန်သတင်းဌာနက ထပ်ဆင့်ဖော်ပြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက ဒုက္ခသည်တွေပြန်လာရင် အသင့်နေထိုင်ဖို့ သက်ဆိုင်ရာတွေက ပြင်ဆင်နေတာဖြစ်ကြောင်းနဲ့ ဒါဟာ မိမိတို့ အစိုးရကို ဂုဏ်သိက္ခကျဆင်းအောင် တမင်ရည်ရွယ်တိုက်ခိုက်တာဖြစ်တယ်လို့ RFA ကို အင်္ဂါနေ့ညနေက ပြောကြားခဲ့ပါတယ်။

ဦးဟောက်ဒိုဆွမ်းနဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org