Daily Mail သတင်းမှားယွင်း ရေးသားဖေါ်ပြမှု တုန့်ပြန်မည်

UK နိုင်ငံအခြေစိုက် Daily Mail သတင်းဌာနက မြန်မာ့တပ်မတော်သားတွေဟာ ကလေးငယ်တစ်ဦး ကို နှိပ်စက်ညှဉ်းပန်းနေတယ်ဆိုတဲ့ သတင်းကို မှားယွင်းဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ဥပဒေကြောင်း အရဖြစ်စေ၊ နိုင်ငံတကာ စာနယ်ဇင်းလုပ်ထုံးလုပ်နည်းတွေအရဖြစ်စေ မြန်မာအစိုးရဘက်က တုံ့ပြန်လုပ်ဆောင်သွား မယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

UK နိုင်ငံအခြေစိုက် Daily Mail သတင်းဌာနက မြန်မာ့တပ်မတော်သားတွေဟာ ကလေးငယ်တစ်ဦးကို နှိပ်စက်ညှဉ်းပန်းနေတယ်ဆိုတဲ့ သတင်းကို မှားယွင်းဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရဖြစ်စေ၊ နိုင်ငံတကာ စာနယ်ဇင်းလုပ်ထုံးလုပ်နည်းတွေအရဖြစ်စေ မြန်မာအစိုးရဘက်က တုံ့ပြန်လုပ်ဆောင်သွားမယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က Daily Mail သတင်းဌာနရဲ့ အွန်လိုင်းသတင်းတစ်ပုဒ်မှာ အခုလိုဖော်ပြခဲ့တာဖြစ်ပြီး တစ်ခြားအွန်လိုင်းစာမျက်နှာတွေမှာလည်း ပျံ့နှ့ံ့နေတာဖြစ်လို့ Daily Mail သတင်းဌာနအနေနဲ့ တာဝန်ယူရမယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။

ဦးဇော်ဌေး ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org