လိမ်လည်မှု သတိထားဖို့ စင်္ကာပူရောက် မြန်မာတွေကို သံရုံး သတိပေး
စင်ကာပူနိုင်ငံက မြန်မာနိုင်ငံသားတွေထံကို ဖုန်းတွေ၊ လူမှုကွန်ရက်တွေကနေတဆင့် ငွေကြေး လိမ်လည်တောင်းခံတာတွေ ရှိနေကြောင်းနဲ့ အွန်လိုင်းကနေ ငွေလိမ်တောင်းတာတွေ ကို ရှောင်ရှားကြဖို့ စင်ကာပူနိုင်ငံက မြန်မာသံရုံးက သတိပေးစာထုတ်ပြန်ထားပါတယ်။
-
2016-07-20 -
-
-
Your browser doesn’t support HTML5 audio
စင်ကာပူနိုင်ငံက မြန်မာနိုင်ငံသားတွေထံကို ဖုန်းတွေ၊ လူမှုကွန်ရက်တွေကနေတဆင့် ငွေကြေးလိမ်လည်တောင်းခံတာတွေ ရှိနေကြောင်းနဲ့ အွန်လိုင်းကနေ ငွေလိမ်တောင်းတာတွေကို ရှောင်ရှားကြဖို့ စင်ကာပူနိုင်ငံက မြန်မာသံရုံးက သတိပေးစာထုတ်ပြန်ထားပါတယ်။
အဲဒီလိုနည်းလမ်းတွေနဲ့ စင်ကာပူနိုင်ငံမှာ ငွေကြေးလိမ်လည်တောင်းခံတာတွေဟာ လွန်ခဲ့တဲ့ ၆နှစ်လောက်ကစပြီး ဖြစ်ပွားနေရာကနေ အခုနောက်ပိုင်း ပိုမိုအဖြစ်များလာတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေသူ ကိုဇေယျ က ပြောပါတယ်။
ကိုဇေယျကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။