ဒုက္ခသည်တွေ ပြန်လည် လက်ခံရေး အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်နဲ့ မေးမြန်းချက်


2017.12.30

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ဒုက္ခသည်တွေထဲက မြန်မာနိုင်ငံကို ပြန်လာလိုသူတွေကို လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး မြန်မာအစိုးရက ပြန်လည်လက်ခံတော့မှာဖြစ်ပါတယ်။ အဲဒီလို ပထမအသုတ်အနေနဲ့ ပြန်လည်လက်ခံရာမှာ ဒုက္ခသည် တစ်သိန်းလောက် ပြန်ပို့ချင်တယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ပြောထားပါတယ်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်ကတော့ မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့သူဖြစ်ကြောင်း အထောက်အထားခိုင်လုံရင် အားလုံးကို ပြန်လည်လက်ခံသွားမယ်လို့ ပြောပါတယ်။

ဦးမြင့်ကြိုင်ကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။