မူဆယ်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနဲ့ မေးမြန်းချက်
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးနဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်တွေမှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အဲဒီကဒေသခံတွေဟာ မူဆယ်မြို့ကို ထွက်ပြေးတိမ်း ရှောင်လာကြပါတယ်။
-
2016-12-02 -
-
-
Your browser doesn’t support HTML5 audio
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးနဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်တွေမှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အဲဒီကဒေသခံတွေဟာ မူဆယ်မြို့ကို ထွက်ပြေးတိမ်း ရှောင်လာကြပါတယ်။
ထွက်ပြေးတိမ်းရှောင်လာသူ ၂ ထောင်ကျော်လောက်ရှိပြီး တစ်ချို့က နေရပ်ပြန်သွားကြသူတွေလည်း ရှိနေကာ လက်ရှိမှာတော့ ၃၀၀ ကျော် ကျန်နေသေးတယ်လို့ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်းက ပြောပါတယ်။
မူဆယ်ခရိုင်ဦးစီးမှူး ဦးဇော်မင်းကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းထားပါတယ်။