MUP ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးကတိပြုတဲ့အကြောင်း မေးမြန်းချက်
မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်နဲ့ ကရင်ပြည်နယ်နှစ်ခုမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး အပါအဝင် နေရာ ၁၂ ခု အနိုင်ရခဲ့တဲ့ပါတီဖြစ်ပါတယ်။
- 2021-01-19
-
-
-
၂၀၂၀ ရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီက အနိုင်ရရှိခဲ့တဲ့ ဒေါက်တာအောင်နိုင်ဦး ကို ချောင်းဆုံမြို့နယ်၊ ဒေါင်ဥကျေးရွာက ဒေသခံတွေ ၂၀၂၁ နိုဝင်ဘာလ ၁၂ ရက်နေ့ ဂုဏ်ပြုစဉ်
မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်နဲ့ ကရင်ပြည်နယ်နှစ်ခုမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး အပါအဝင် နေရာ ၁၂ ခု အနိုင်ရခဲ့တဲ့ပါတီဖြစ်ပါတယ်။ MUP ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အစိုးရအဖွဲ့နဲ့ လွှတ်တော်အကြီးအကဲ နေရာတွေမှာ တာဝန်ယူဖို့ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဘက်က ကမ်းလှမ်းခဲ့ရင် ပါတီရဲ့ဆုံးဖြတ်ချက်ကို လိုက်နာမယ်ဆိုပြီး ဇန်နဝါရီ ၁၆ ရက်နေ့က လက်မှတ်ရေးထိုး ကတိပြုခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မွန်ညီညွတ်ရေးပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) နိုင်လယိတမ ကို RFA သတင်းထောက် ကိုကျော်လွင်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။