မြန်မာနိုင်ငံမှာ အပြစ်မဲ့အရပ်သားပြည်သူတွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားနေသူတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက အပြင်းအထန် ဖိနှိပ်နေချိန်မှာ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဗုဒ္ဓဘာသာသံဃာတော်တချို့ကို ပြည်သူလူထုအတွင်း ဝေဖန်မှုတွေ မြင့်မားလာနေပါတယ်။
ဒီသံဃာတွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဗုဒ္ဓဘာသာ ယုံကြည်သူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်ပါသလဲ။ ဆရာတော် အရှင်မင်းသုည (ဗုဒ္ဓတက္ကသိုလ်)ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက လျှောက်ထားမေးမြန်းထားပါတယ်။