မုံရွာအကြမ်းဖက်ဖြိုခွဲခံရမှု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦး ပြောပြချက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ၂၀၂၁၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြသူတွေကို ဖြိုခွင်းနေတဲ့ ရဲတပ်ဖွဲ့ကို မြင်တွေ့ရစဉ် .

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဒီနေ့မနက် ၈ နာရီခန့်မှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဆန္ဒပြဖို့ လူစုနေစဉ် စစ်တပ်နဲ့ ရဲတပ်ဖွဲက ဝင်ရောက်ဖမ်းဆီး ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

သေနတ်ဖောက်တာ၊ မျက်ရည်ယိုဗုံးသုံးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ပြည်သူ တချို့ရဲ့ ဒရုန်းကနေ ရိုက်ကူးမှုအရ ပိတ်ဆို့ထားတဲ့ နေရာမှာ သေနတ်ကျည်ထိမှန်လို့ ဒဏ်ရာရနေတဲ့ အမျိုးသားတစ်ယောက် လဲလျောင်းနေပြီး အခုထိ ဆေးကုပေးတာ မတွေ့ရဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဒီနေ့မနက်ကနေ နေ့လယ်ပိုင်းအထိ မုံရွာဒေသခံတွေနဲ့ စစ်တပ်၊ ရဲတပ်ဖွဲ့တို့ ပြဿနာဖြစ်ပွားနေပြီး လိုက်လံဖမ်းဆီးနေတာရှိလို့ ရှောင်ပြေးနေကြရပါတယ်။

ဒီဖြစ်စဉ်မှာ ပါဝင်တွေ့ကြုံခဲ့ရသူတစ်ဦး ပြောပြထားတာကို ကြည့်ရှုနိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org