မွန်ပြည်နယ်မှာ ဒီနှစ် ရေရှားပါးနိုင်

မွန်ပြည်နယ်မှာ ဒီနှစ်အတွင်း မြို့နယ် ၄ မြို့နယ်က ကျေးရွာ ၄၀ကျော် ရေရှားပါးမှုနဲ့ ကြုံတွေ့နိုင်ပြီး အဲဒီမြို့နယ်တွေထဲမှာ ရေရှားပါးမှုအန္တရာယ်အများဆုံးကတော့ ပေါင်မြို့နယ်ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ ဒီနှစ်အတွင်း မြို့နယ် ၄ မြို့နယ်က ကျေးရွာ ၄၀ကျော် ရေရှားပါးမှုနဲ့ ကြုံတွေ့နိုင်ပြီး အဲဒီမြို့နယ်တွေထဲမှာ ရေရှားပါးမှုအန္တရာယ်အများဆုံးကတော့ ပေါင်မြို့နယ်ဖြစ်ပါတယ်။ ရေအခက်အခဲရှိသူတွေအနေနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနရုံးကို ဖုန်းဆက်အကူအညီ တောင်းခံနိုင်ပြီး ရေရှည်စီမံကိန်းအနေနဲ့တော့ ကျေးရွာတွေမှာ မိုးရေလှောင်ကန်ကြီးတွေ တည်ဆောက်ပြီး ရေတွေကို သိုလှောင်သွားမယ်လို့ ပေါင်မြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လတ်က ပြောပါတယ်။

ဦးကျော်ကျော်လတ် ကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org