ပြည်သူလူထုရဲ့တုံ့ပြန်မှု အဆင့်မြင့်မားဟု ကိုမင်းကိုနိုင် ပြောကြား
အာဏာသိမ်းစစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က လက်ရှိလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပြည်သူတွေ မျိုးဆက်သစ်တွေဟာ အရင်ခေတ်ကနဲ့မတူ အင်မတန်ဉာဏ်ရည်မြင့်မားပြီး အဆင့်မြင့် နည်းပညာတွေကို ကျွမ်းကျင်စွာအသုံးပြုနေတဲ့အတွက် အင်မတန်အားရမိတယ်လို့ ပြောပါတယ်။
-
(ခင်မောင်စိုး ဝါရှင်တန် ဒီစီ)
2021-02-18 -
-
-
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို တွေ့ရစဉ်
တဆက်တည်းမှာပဲ လက်ရှိအာဏသိမ်းမှုကို သူအနေနဲ့ အသိအမှတ်မပြုတဲ့အတွက် သူဖမ်းဆီးခံရရင်လည်း ရှေ့နေဌားရမ်းပြီး ရင်ဆိုင်တာမျိုးကို ပြုလုပ်မှာမဟုတ်ဘူးလို့ RFA ကို ဒီကနေ့ ၁၈ ရက်နေ့လယ်ပိုင်းက ပြောပါတယ်။ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုမင်းကိုနိုင်ကို ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်း ထားပါတယ်။