အနိမ့်ဆုံးလုပ်ခပြဿနာ ဘယ်လို ညှိနှိုင်းအဖြေရှာနိုင်မလဲ
တစ်နေ့အနည်းဆုံးလုပ်ခလစာ ၃၆၀၀ ကျပ် သတ်မှတ်ထားတာကို တိုးပေးဖို့အတွက် အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရကိုယ်စားလှယ်တို့ ဒီရက်ပိုင်း မှာ ဆွေးနွေးနေကြပါတယ်။
-
2017-11-07 -
-
-
Your browser doesn’t support HTML5 audio
တစ်နေ့အနည်းဆုံးလုပ်ခလစာ ၃၆၀၀ ကျပ်သတ်မှတ်ထားတာကို တိုးပေးဖို့အတွက် အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရကိုယ်စားလှယ်တို့ ဒီရက်ပိုင်းမှာ ဆွေးနွေးနေကြပါတယ်။ အဲဒီဆွေးနွေးပွဲမှာ တစ်ရက်အလုပ်ချိန် ၈ နာရီ အတွက် ကျပ်ငွေ ၅၆၀၀ လောက်သတ်မှတ်ပေးဖို့ အလုပ်သမားကိုယ်စားလှယ်ဘက်က တောင်းထားသလို၊ အလုပ်ရှင်နဲ့ အစိုးရဘက်ကတော့ ကျပ် ၄ ထောင်လောက်ပဲပေးချင်တဲ့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ အထည်ချုပ်စက်ရုံအလုပ်သမားတစ်ယောက် ဘယ်လိုနေရ၊ စားရလဲ၊ တစ်ရက်ကို ဘယ်လောက်လိုအပ်သလဲဆိုတာကို ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုံအမှတ် ၃ က မြူးအင်န်ဆူး ( Myue and Sue) အထည်ချုပ်စက်ရုံအလုပ်သမားလည်းဖြစ်၊ အလုပ်သမားဘဝတွေအကြောင်း ဆောင်းပါးတွေ ရေးနေသူလဲဖြစ်တဲ့ မငုဝါကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။