စစ်တပ်ထဲမှာ ဘယ်လို အရာရှိတွေ ရှိနေသလဲ
အခုအပိုင်းမှာတော့ မနေ့က မိတ္ထီလာမှာ သေဆုံးခဲ့တဲ့ ဗိုလ်ကြီး ကောင်းမြတ်သွင်အကြောင်း၊ တပ်မတော်ထဲမှာ ဗိုလ်ချုပ်သောင်းထိုက်ရွှေလို အရာရှိကောင်းတွေ ဖယ်ရှားခံရပုံအကြောင်း နဲ့ တိုင်းရင်းသားတွေ နှစ်ကာလရှည်ကြာ ခံစားခဲ့ရတဲ့ ဒုက္ခတွေအကြောင်း စတဲ့ အချက်တွေကို ရှုစားနားဆင်ရမှာဖြစ်ပါတယ်။
-
ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021-04-26 -
-
-
စစ်ကောင်စီလက်အောက်ခံ အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်က ဦးစီးအရာရှိ ဗိုလ်မှူး ဟိန်းသော်ဦး။
Photo: Citizen Journalist
စစ်ကောင်စီလက်အောက်ခံ အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်က ဦးစီးအရာရှိ ဗိုလ်မှူး ဟိန်းသော်ဦး ဟာ ရှမ်းပြည်မြောက်ပိုင်းမှာ တာဝန်ကျနေရာကနေ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး တော်လှန်အင်အားစုတွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက လာရောက်ပူးပေါင်းခဲ့ပါတယ်။
သူနဲ့ အမေးအဖြေ ပထမပိုင်းကို အရင်အပတ်က တင်ဆက်ခဲ့ပြီး ဒုတိယပိုင်းကို ဒီကနေ့ တင်ဆက်မှာ ဖြစ်ပါတယ်။ အခုအပိုင်းမှာတော့ မနေ့က မိတ္ထီလာမှာ သေဆုံးခဲ့တဲ့ ဗိုလ်ကြီး ကောင်းမြတ်သွင်အကြောင်း၊ တပ်မတော်ထဲမှာ ဗိုလ်ချုပ်သောင်းထိုက်ရွှေလို အရာရှိကောင်းတွေ ဖယ်ရှားခံရပုံအကြောင်း နဲ့ တိုင်းရင်းသားတွေ နှစ်ကာလရှည်ကြာ ခံစားခဲ့ရတဲ့ ဒုက္ခတွေအကြောင်း စတဲ့ အချက်တွေကို ရှုစားနားဆင်ရမှာဖြစ်ပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုး မေးမြန်းထားပါတယ်။