NLD ရုံးချုပ်ကို တပ်နဲ့ ရဲက ဝိုင်းထားမှုအပေါ် ရုံးအတွင်းက လွှတ်တော်ကိုယ်စားလှယ် ပြောပြချက်

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီရုံးချုပ်ကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေက ဝိုင်းထားပြီး ရုံးတံခါးဖွင့်ပေးဖို့ တပ်မတော်ဘက်ကပြောပေမယ့် ပါတီတာဝန်ရှိသူကတော့ ဖွင့်ပေးဖို့ ငြင်းဆန်ထားပါတယ်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီရုံးချုပ်ကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေက ၂၀၂၁ ဖေဖော်ဝါရီ ၁၅ရက်နေ့က ဝိုင်းထားစဉ် Photo: RFA

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီရုံးချုပ်ကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေက ဝိုင်းထားပြီး ရုံးတံခါးဖွင့်ပေးဖို့ တပ်မတော်ဘက်ကပြောပေမယ့် ပါတီတာဝန်ရှိသူကတော့ ဖွင့်ပေးဖို့ ငြင်းဆန်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရုံးချုပ်ကို ဝင်ရောက်ဖျက်စီးထားတာတွေနဲ့ ပတ်သက်ပြီး အမှုဖွင့်ထားတာကြောင့် ခြေရာလက်ရာမပျက်ထားဖို့လိုလို့ တံခါးမဖွင့်ပေးနိုင်ကြောင်း ပြောဆိုထားပြီး ရုံးချုပ်ထဲမှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရုံးအဖွဲ့တွေ အပါအဝင် ၁၆ဦးခန့်ရှိတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘမျိုးသိန်းက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org