0:00 / 0:00
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်မှာ WY ပုံစံတူ 881 အမည်ရှိတဲ့ မူးယစ်ဆေးပြားတွေ လွယ်လင့်တကူ ဝယ်ယူနိုင်နေပြီး လူငယ်တွေ သုံးစွဲမှုများလာတဲ့အတွက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုတွေကို ထိထိရောက်ရောက် တားဆီးပေးဖို့ ဒေသခံ ၅၀ ကျော် ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်ခဲ့တဲ့ ဦးနန်းဝင်းမောင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ် မေးမြန်းထားပါတယ်။