NLD နဲ့ UNA ခေါင်းဆောင်တွေ ဆွေးနွေးတဲ့အကြောင်း မေးမြန်းချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA တို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ လွတ်လပ်ပြီးတရားမျှတတဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးတို့မှာ ပူးပေါင်းဆောင်ရွက်ကြဖို့ နှစ်ဘက်ခေါင်းဆောင်တွေက ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA တို့ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ လွတ်လပ်ပြီးတရားမျှတတဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးတို့မှာ ပူးပေါင်းဆောင်ရွက်ကြဖို့ နှစ်ဘက်ခေါင်းဆောင်တွေက ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။

နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီး ပူးပေါင်းမယ့် လုပ်ငန်းစဉ်အသေး စိတ်ကို ထပ်မံဆွေးနွေးသွားမယ်လို့ UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွ့ဲချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ဦးစိုင်းညွန့်လွင်ကို RFA သတင်းထောက် မဇင်မာဝင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မဇင်မာဝင်း။               ။အန်ကယ်လ်တို့ ဒီနေ့ နေပြည်တော်မှာလေ အန်ကယ်လ်တို့ UNA နဲ့ NLD ခေါင်းဆောင် တစ်ချို့ သွားတွေ့ဆုံတယ်၊ ဘာတွေများ ဆွေးနွေးဖြစ်ကြလဲ အန်ကယ်လ်။

ဦးစိုင်းညွန့်လွင်။           ။ NLD နဲ့ UNA နဲ့ ရှေ့လျှောက်ပေါ့နော် ၂ဝ၁၅ ရွေးကောက်ပွဲ မှန်မှန်ကန်ကန်ဖြစ်ဖို့အရေး၊ အခြေခံဥပဒေပြင်ဆင်နိုင်ရေး ဒါမှမဟုတ် ပြုပြင်ရေးနဲ့ပတ်သက်တဲ့ဥစ္စာ၊ နောက်တစ်ခုက အနှစ်သာရရှိ တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ဖို့ အဲ့ဒီ ၃ ခုညှိတာ ကျနော်တို့။

မဇင်မာဝင်း။               ။တစုံတရာ သဘောတူညီချက်တွေ ဘာတွေများရှိမလား အန်ကယ်လ်။

ဦးစိုင်းညွန့်လွင်။           ။ညှိထားပြီးတော့ သူလည်းသူ့ပါတီပြန်တင်ပြပေါ့၊ ကျနော်တို့လည်း UNA မှာ ပြန်တင်ပြရဦး မယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ပါတီ ၇ ပါတီပေါင်းမှတော့ ပါတီတွေမှာလည်း ပြန်ပြီးတော့ ပြောဖို့လိုတယ်၊ UNA မှာလည်းပြောဖို့လိုတယ်။

မဇင်မာဝင်း။               ။UNA ဘက်ကဆိုရင်ရော ဒီပါတီ ၇ ပါတီထားတဲ့အထဲမှာ ဒီနေ့သွားတွေ့ တာ ခေါင်းဆောင်တွေက ဘယ်သူတွေများပါလဲ အန်ကယ်လ်။

ဦးစိုင်းညွန့်လွင်။           ။စိုင်းညွန့်လွင်ပါတယ်၊ မန်းကျော်ငြိမ်းပါတယ်၊ ဒေါက်တာမင်းစိုးလင်းပါတယ်၊ (...)ပါတယ်၊ (...)ပါတယ်။

မဇင်မာဝင်း။               ။အဲ့ဒီတော့ အန်ကယ်လ် အခုနကပြောတဲ့ ဒီခေါင်းစဉ် ၃ ခုအောက်မှာ ဒီ NLD နဲ့ ဒီလို ပူးပေါင်းဆောင်ရွက်ဖို့အတွက်ကို ဘယ်လိုများဆွေးနွေးခဲ့တာတွေရှိလဲ အန်ကယ်လ်။

ဦးစိုင်းညွန့်လွင်။           ။ဒီဟာတွေကိုသဘောတူ ပူးပေါင်းလုပ်ကြမှာပေါ့နော်၊ ချက်ချင်းကြီးတော့ သဘောတူတာ မရှိပါဘူး၊ ရှေ့လလောက်မှ စဉ်းစားကြမှာပေါ့လေ၊ အားလုံးဒီနေ့တော့ ပြေပြေလည်လည်ရှိပါတယ်၊ နှစ်ဘက် စလုံးကောင်းပါတယ် နားလည်မှုရှိရှိလည်း ဆွေးနွေးနိုင်ပါတယ်၊ ကောင်းတဲ့လက္ခဏာပါ။

မဇင်မာဝင်း။               ။အန်ကယ်လ်တို့ နောက်တစ်ကြိမ်ပြန်လည် တွေ့ဆုံဆွေးနွေးဖို့အတွက်ကိုရော ဘယ်လိုများ အချိန်ကာလ သက်မှတ်ထားတာရှိပါသလဲ အန်ကယ်လ်။

ဦးစိုင်းညွန့်လွင်။           ။အလုပ်အဖွဲ့တွေ ကျနော်တို့တွေ့ကြမှာပါ။

မဇင်မာဝင်း။               ။အလုပ်အဖွဲ့ကျတော့ အန်ကယ်လ်တို့ ဘယ်သူတွေများ တာဝန်ပေးထားတာများရှိလဲ အန်ကယ်လ်။

ဦးစိုင်းညွန့်လွင်။           ။ကျနော်တို့ဘက်ကတော့ လောလောဆယ်မပေးရသေးဘူး၊ သူတို့ဘက်ကတော့ ဦးတွန်းထွန်းဟိန်နဲ့ ဒေါ်နန်းခင်ထွေးမြင့်ပါ။

မဇင်မာဝင်း။               ။အဲ့ဒါဆိုတော့ အန်ကယ်လ်ရေ အန်ကယ်လ်တို့ဒီအပေါ်မှာပေါ့ အန်ကယ်လ်တို့ UNA ဘက်ကရော ဘယ်လိုပုံစံနဲ့ပူးပေါင်ဖို့ဆိုတာမျိုး ဆန္ဒရှိလဲရှင့်။

ဦးစိုင်းညွန့်လွင်။           ။လောလောဆယ်တော့ ဘာမှမပြေတက်သေးဘူး၊ ဘာလို့လည်းဆိုတော့ ပြန်တိုင်ပင် ကြမှာပေါ့။

မဇင်မာဝင်း။               ။အခုလိုမျိုးပေါ့နော် ကဏ္ဍ ၃ ရပ်မှာ အန်ကယ်လ်တို့ ပူးပေါင်းဖို့ ဒီလိုမျိုးဆွေးနွေးတဲ့ ရည်ရွယ်ချက်လည်း သိပါရစေ အန်ကယ်လ်။

ဦးစိုင်းညွန့်လွင်။           ။ဒါကတော့ဗျာ နိုင်ငံရေးပါတီတွေရဲ့ သဘောထားပဲလေ၊ ဆိုတော့ လုပ်ရမယ့် တာဝန်ပဲလေ။

မဇင်မာဝင်း။               ။ အန်ကယ်လ်တို့ UNA အနေနဲ့ပေါ့လေ ပထမဆုံးညီလာခံမှာပေါ့နော်၊ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေလည်း ရှိတယ်ဆိုတော့ ဒီအပေါ်မှာရော အန်ကယ်လ်တို့ ရှေ့ဆက်လုပ်ဆောင်မယ့် နောက် ညီလာခံအတွက်ကိုရော မဟာမိတ်ပါတီတွေနဲ့ ဘယ်လိုများညှိနှိုင်းသွားဖို့ရှိမလဲ အန်ကယ်လ်။

ဦးစိုင်းညွန့်လွင်။           ။အဲ့ဒါလည်း ပထမညီလာခံတုန်းက ချခဲ့တဲ့ဆုံဖြတ်ချက် ၉ ချက်ရှိခဲ့တယ်၊ ၉ ချက်လုံးကို တပြိုင်နက်အကောင်အထည် မဖော်နိုင်ဘူး၊ နိုင်တဲ့ဟာလေးတွေ စလုပ်တာပါ အခုလောလောဆယ်တော့ တပိုင်တနိုင်ပေါ့၊ နောက်တစ်ပွဲကိုလည်း ကျနော်တို့ ဆက်လုပ်သွားဖို့အစီအစဉ်ရှိပါတယ်၊ နောက်ထပ်တိုးချဲ့ဖို့က။

မဇင်မာဝင်း။               ။UNA အနေနဲ့ ဒီမိတ်ဖက်အနေနဲ့ နိုင်ငံရေးပါတ ီတခြားအဖွဲ့အစည်းတွေနဲ့ရော ဘယ်လိုများ ပူးပေါင်းသွားဖို့ရှိမလဲ အန်ကယ်လ်။

ဦးစိုင်းညွန့်လွင်။           ။နိုင်ငံရေးပါတီတစ်ခုတည်းမဟုတ်ဘူး သမီးရေ၊ အပစ်အခက်ရပ်စဲထားတဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေပါမယ်၊ စီပီအိုတွေလည်းပါမယ်လေ။

မဇင်မာဝင်း။               ။အဲ့ဒါဆိုတော့ အခုလိုမျိုးတွေ့ဆုံမှုတွေကိုရော တခြားအဖွဲ့တွေနဲ့ရော ဘယ်တော့များတွေ့ဖို့ ရှိမလဲ၊ စီစဉ်ထားလဲ အန်ကယ်လ်။

ဦးစိုင်းညွန့်လွင်။           ။အဲ့လိုတော့ အစီအစဉ်သေချာ မရှိသေးပါဘူး၊ ဆက်သွားမှာပါ။

မဇင်မာဝင်း။               ။၁၉ ရက်နေ့ဆိုရင် လွှတ်တော်ကလည်း ပြန်စတော့မှာဆိုတော့လေ ဒီလွှတ်တော်မှာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်ကို အဓိကဆွေးနွေးရမယ့် အခြေအနေမျိုးတွေရှိတော့ ဒီအတွက်ကိုရော အန်ကယ်လ်တို့ ဆွေးနွေးထားတာမျိုးများရှိလား အန်ကယ်လ်။

ဦးစိုင်းညွန့်လွင်။           ။မရှိပါဘူးခင်ဗျ၊ ကျနော်တို့ လွှတ်တော်နဲ့ပတ်သက်ပြီးတော့ ဘာမှဝင်မပြောပါဘူး။

မဇင်မာဝင်း။               ။အဲ့ဒါဆိုတော့ အန်ကယ်လ် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်တယ်ဆိုတဲ့ကိစ္စမျိုးကျတော့ အန်ကယ်လ်တို့ လွှတ်တော်ပြင်ပအနေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စမျိုးလားအန်ကယ်။

ဦးစိုင်းညွန့်လွင်။           ။ဟုတ်ကဲ့ခင်ဗျ၊ ကျနော်တို့ကတော့ ပူးပေါင်းထားတယ်ပေါ့၊ အခြေခံအဖွဲ့အစည်းနဲ့ ဖြေးဖြေး ချင်းပဲသွားမှာပါ။

မဇင်မာဝင်း။               ။အန်ကယ်လ် ဦးစိုင်းညွန့်လွင် အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ရှင့်။

ဦးစိုင်းညွန့်လွင်။           ။ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org