မန္တလေးတိုင်း လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦးနဲ့ မေးမြန်းချက်
မန္တလေးတိုင်းအတွင်း မူခင်းကျဆင်းရေးနဲ့ တရားခံဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့ ကြန့်ကြာနေတဲ့ အမှုတွေ အမြန်ဆုံးဖော်ထုတ်နိုင်ဖို့အတွက် လာမယ့်သြဂုတ်လကစပြီး တိုင်းဒေသကြီးလွှတ်တော်နဲ့ အငြိမ်းစားရဲအရာရှိတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦးက ပြောပါတယ်။
-
2017-07-23 -
-
-
Your browser doesn’t support HTML5 audio
မန္တလေးတိုင်းအတွင်း မူခင်းကျဆင်းရေးနဲ့ တရားခံဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့ ကြန့်ကြာနေတဲ့ အမှုတွေ အမြန်ဆုံးဖော်ထုတ်နိုင်ဖို့အတွက် လာမယ့်သြဂုတ်လကစပြီး တိုင်းဒေသကြီးလွှတ်တော်နဲ့ အငြိမ်းစားရဲအရာရှိတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦးက ပြောပါတယ်။
မန္တလေးမှာ မဖော်ထုတ်နိုင်ဘဲ ကြန့်ကြာနေတဲ့ အမှုတွေက လူသတ်မှုတွေ ဖြစ်တယ်လို့သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦး ကို RFAသတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။