မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ဟာ ရွှေထွက်တဲ့အတွက် အနယ်နယ်အရပ်ရပ်က လူစုံလာရောက်တဲ့ နေရာဖြစ်ပြီး အရင်ကဖွင့်ခွင့်မရှိတဲ့ လောင်းကစားဝိုင်းတွေ ခု ဖွင့်ထားပါတယ်။
ဒီလောင်းကစားဝိုင်း၊ အနှိပ်ခန်း၊ ရွှေတော၊ မူးယစ်ဆေးဝါး၊ သစ်လုပ်ငန်းသာမက သာရေးနာရေးကိစ္စတွေမှာပါ ရဲနဲ့ စစ်သားတွေကငွေကောက်ခံနေတာတွေနဲ့ ပတ်သက်ပြီး ဒေသခံတယောက်ကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။