မန္တလေးမှာ ဆန္ဒပြခဲ့တဲ့ ဒေါက်တာတေဇာဆန်းနဲ့ ဆက်သွယ်မေးမြန်းချက်
စစ်အာဏာသိမ်းတာကို လက်မခံတဲ့အကြောင်း ဆန့်ကျင်ဆန္ဒပြမယ့် ပြည်သူတွေအနေနဲ့ ခေါင်းဆောင်မျှော်လင့်စရာမလိုဘဲ ကိုယ့်မွေးရာပါ အခွင့်အရေးအတိုင်း ကိုယ့်နည်းလမ်းနဲ့ကိုယ် လုပ်ကိုင်ဖော်ပြခွင့်ရှိတယ်လို့ မနေ့က မန္တလေးမြို့မှာ ပထမဆုံးလမ်းပေါ်ထွက်ဆန္ဒပြခဲ့တဲ့ ဒေါက်တာတေဇာဆန်းက ပြောပါတယ်။
- 2021-02-05
-
-
-
အာဏာသိမ်းစစ်အစိုးရ အလိုမရှိကြောင်း မန္တလေးဆေးတက္ကသိုလ်ရှေ့ ဆန္ဒပြသူတွေထဲမှာ ဒေါက်တာတေဇာဆန်း(အော်လံကိုင်ထားသူ) ကို ၂၀၂၁ ဖေဖော်ဝါရီ ၄ ရက်နေ့ကတွေ့ရစဉ်
စစ်အာဏာသိမ်းတာကို လက်မခံတဲ့အကြောင်း ဆန့်ကျင်ဆန္ဒပြမယ့် ပြည်သူတွေအနေနဲ့ ခေါင်းဆောင် မျှော်လင့်စရာမလိုဘဲ ကိုယ့်မွေးရာပါ အခွင့်အရေးအတိုင်း ကိုယ့်နည်းလမ်းနဲ့ကိုယ် လုပ်ကိုင်ဖော်ပြခွင့် ရှိတယ်လို့ မနေ့က မန္တလေးမြို့မှာ ပထမဆုံးလမ်းပေါ်ထွက်ဆန္ဒပြခဲ့တဲ့ ဒေါက်တာတေဇာဆန်းက ပြောပါတယ်။
နှလုံးလှအခမဲ့ဆေးခန်း ဦးဆောင်တည်ထောင်တဲ့ ဒေါက်တာတေဇာဆန်း ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။