မောင်တောဆန္ဒပြပွဲအကြောင်း ဆက်သွယ်မေးမြန်းချက်
2018.09.10
မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်မျဉ်းပေါ်မှာ နေထိုင်သူ မွတ်စလင်တွေဟာ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ လုပ်ပြီး ထွက်ပြေးသွားသူတွေ ဖြစ်တဲ့အတွက် သူတို့ကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနဲ့ ICRC နိုင်ငံတကာ ကြက်ခြေနီကော်မတီက ရိက္ခာ ထောက်ပံ့တာကို မောင်တောမြို့ခံတွေက ဒီနေ့ ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။ ICRC နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းကတော့ အဲဒီနယ်စပ် စည်းရိုးနားမှာ နေထိုင်သူတွေကို ကူညီ ထောက်ပံ့ရေးအတွက် အာဏာပိုင်တွေ၊ ရပ်ရွာခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆဲဖြစ်သလို လက်တွေ့ ဂယက်ရိုက်မှုတွေကိုလည်း စုံစမ်းနေတယ်လို့ ဒီကနေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
မောင်တောမြို့က ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးစိန်လှဖြူကို RFA ဝိုင်းတော်သူ မခက်မာက ဆက်သွယ်မေးမြန်း ထားပါတယ်။