မန္တလေးတိုင်းက စီမံကိန်း ၃ ခုကို ယာယီရပ်ဆိုင်းဖို့ ညွှန်ကြားထား
ပြီးခဲ့တဲ့ အစိုးရလက်ထက်က လုပ်ပိုင်ခွင့်တွေ ချပေးထားခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက စီမံကိန်းတွေကို လက်ရှိအစိုးရသစ်က ပြန်လည် စိစစ်ရာမှာ လမ်းသစ်စီမံကိန်း၊ စက်သုံးဆီ သိုလှောင်ကန် စီမံကိန်း နဲ့ တောင်သမန်သစ္စာ စီမံကိန်းတွေကို ယာယီဆိုင်းငံ့ထားဖို့ ညွှန်ကြား ထားပါတယ်။
-
2016-10-30 -
-
-
Your browser doesn’t support HTML5 audio
ပြီးခဲ့တဲ့ အစိုးရလက်ထက်က လုပ်ပိုင်ခွင့်တွေချပေးထားခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက စီမံကိန်းတွေကို လက်ရှိအစိုးရသစ်က ပြန်လည်စိစစ်ရာမှာ လမ်းသစ်စီမံကိန်း၊ စက်သုံးဆီ သိုလှောင်ကန် စီမံကိန်း နဲ့ တောင်သမန်သစ္စာ စီမံကိန်းတွေကို ယာယီဆိုင်းငံ့ထားဖို့ ညွှန်ကြား ထားပါတယ်။
အဲဒီစီမံကိန်း ၃ ခုဟာ လိုအပ်ချက်တွေ ရှိနေတာကြောင့် ဆိုင်းငံ့ထားခိုင်းတာ ဖြစ်တယ်လို့ မန္တလေး တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် က ပြောပါတယ်။
ဦးဇာနည်အောင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။