မန္တလေးမှာ မနေ့ညက အမျိုးသားတစ်ဦး မီးရှို့အသတ်ခံရ
မန္တလေးမြို့၊ မင်းတဲအီကင်းရပ်ကွက်ရုံးမှာ မနေ့ည ၁၀ နာရီကျော်က မီးလောင်တဲ့နေရာကို စစ်တပ်က လာရောက်စဉ် ထွက်ကြည့်ခဲ့တဲ့ အမျိုးသားတစ်ဦး သေနတ်ကျည်မှန်ခဲ့ပြီး မီးရှို့အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-03-28
-
-
-
မန္တလေးမြို့၊ မင်းတဲအီကင်းရပ်ကွက်မှာ သေနတ်ကျည်ထိမှန်ခဲ့ပြီး မီးရှို့အသတ်ခံရတဲ့ သေဆုံးသူ ကိုအေးကို ကို တွေ့ရစဉ်
မန္တလေးမြို့၊ မင်းတဲအီကင်းရပ်ကွက်ရုံးမှာ မနေ့ည ၁၀ နာရီကျော်က မီးလောင်တဲ့နေရာကို စစ်တပ်က လာရောက်စဉ် ထွက်ကြည့်ခဲ့တဲ့ အမျိုးသားတစ်ဦး သေနတ်ကျည်ထိမှန်ခဲ့ပြီး မီးရှို့အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူ ကိုအေးကို ဟာ အသက် (၄၂) နှစ်ရှိပြီး သားသမီး လေးဦးရှိတဲ့ ဖခင်တစ်ဦးဖြစ်ပါတယ်။ သူတို့မိသားစုဟာ ကျူးကျော်တဲမှာ နေထိုင်နေရတာဖြစ်ပါတယ်။
မနေ့ကဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံးသူ ကိုအေးကိုရဲ့ အမျိုးသမီး မခိုင် ကို RFA က ဆက်သွယ် မေးမြန်းထားပါတယ်။