မကွေးမှာ ရေနံမြေအသစ်တခု တွေ့ရှိ

0:00 / 0:00

မကွေးတိုင်းအတွင်း မန်းရေနံမြေနဲ့ တဆက်တည်း မိုင်၂၀ ခန့်ရှည်လျားတဲ့ ရေနံမြေအသစ်တခု တွေ့ရှိတယ်လို့ ပြီးခဲ့တဲ့အပတ်က မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဲဒီဒေသမှာ တာဝန်ထမ်းဆောင်ဖူးသူ ဘူမိဗေဒပညာရှင်များက ဖြစ်နိုင်ခြေနည်းတယ် လို့ ဝေဖန်နေပါတယ်။ ဘူမိဗေဒပညာရှင်တဦးဖြစ်သူ မြန်မာ့ရေနံ အငြိမ်းစား ရေနံမြေအထွေထွေမန်နေဂျာ ဦးစိုးသိန်း ကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။