ကော်သူးလေ မြေယာနှီးနှောဖလှယ်ပွဲ
ကရင်အမျိုးသား အစည်းအရုံး (KNU) က ဦးဆောင်တဲ့ ကော်သူးလေ မြေယာနှီးနှောဖလှယ်ပွဲကို KNU နယ်မြေဖြစ်တဲ့ လော်ခီးလာမှာ နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။
-
2017-11-06 -
-
-
Your browser doesn’t support HTML5 audio
ကရင်အမျိုးသား အစည်းအရုံး (KNU) က ဦးဆောင်တဲ့ ကော်သူးလေ မြေယာနှီးနှောဖလှယ်ပွဲကို KNU နယ်မြေဖြစ်တဲ့ လော်ခီးလာမှာ နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ လက်ရှိကျင့်သုံးနေတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲမှုဥပဒေတွေကို ဖျက်သိမ်းပြီး ဒေသခံတွေနဲ့ တိုင်ပင်ဆွေးနွေး ဖော်ဆောင်ထားတဲ့ KNU ရဲ့ ကော်သူးလေ မြေယာမူဝါဒနဲ့ မြေယာစီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော်ဖို့အတွက် အဲဒီနှီးနှောဖလှယ်ပွဲကနေ ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
အဲဒီ နှီးနှောဖလှယ်ပွဲနဲ့ ပတ်သက်ပြီး ကော်သူးလေ မြေယာနှီးနှောဖလှယ်ပွဲကျင်းပရေး ကော်မတီဝင် စောအဲလက်စ်ကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေးမြန်းထားပါတယ်။