0:00 / 0:00
မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးကနေ အလုပ်သမားတစ်ယောက်ရဲ့ အနည်းဆုံးလုပ်ခလစာအဖြစ် တစ်ရက်ကို ငွေကျပ် ၄ထောင်ကနေ ၄၈၀၀ ကြား သတ်မှတ်ဖို့ အကြမ်းဖျင်းလျာထားဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီနှုန်းထားဟာ အလုပ်သမားတွေအတွက် အဆင်ပြေတဲ့ နှုန်းထားမဟုတ်ဘူးလို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီးကော်မတီဝင် အလုပ်သမားကိုယ်စားလှယ် ကိုရဲဝင်းထွန်းက ပြောပါတယ်။
ကိုရဲဝင်းထွန်း ကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။