ကိုဖီအာနန်နဲ့ အဖွဲ့ ဘူးသီးတောင်နဲ့ မောင်တောကို သွားမည်

ရခိုင်ပြည်နယ်အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာကိုဖီအာနန်နဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ် အတွင်းက စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော ၊ မြေပုံနဲ့ မြောက်ဦးမြို့နယ်တွေကို လာမယ့် ဒီဇင်ဘာလ ၂ ရက် နေ့ကနေ ၄ ရက်နေ့အထိ သုံးရက်ကြာ သွားရောက်မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာကိုဖီအာနန်နဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံနဲ့ မြောက်ဦးမြို့နယ်တွေကို လာမယ့် ဒီဇင်ဘာလ ၂ ရက် နေ့ကနေ ၄ ရက်နေ့အထိ သုံးရက်ကြာ သွားရောက်မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အကြံပေးကော်မရှင်သွားရောက်လိုတဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဘက်က လိုက်လံပို့ဆောင်ပေးမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ် မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org