တိုင်းရင်းသားတွေစုပေါင်းရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို အတည်ပြုဖို့ KNU ပြော

ဒီလိုအတည်ပြုလိုက်ရင် ပြည်သူအများစုလိုလားတောင်းတနေတဲ့ ဖက်ဒရယ် တပ်မတော်တရပ် အမြန်ဆုံး ဖြစ်လာနိုင်မယ်လို့ KNU တပ်မဟာ ၅ နယ်မြေ ပြောခွင့်ရ ပဒိုမန်းမန်းက RFA ကိုပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အနေနဲ့ ဖက်ဒရယ် ပဋိဉာဉ်ထက် တိုင်းရင်းသားတွေစုပေါင်းရေးစွဲထားတဲ့ ဖွဲ့စည်းပုံကို အမြန်အတည်ပြုသင့်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ ပြောခွင့်ရ ပဒိုမန်းမန်းက RFA ကိုပြောပါတယ်။

ဒီလိုအတည်ပြုလိုက်ရင် ပြည်သူအများစုလိုလားတောင်းတနေတဲ့ ဖက်ဒရယ် တပ်မတော်တရပ် အမြန်ဆုံး ဖြစ်လာနိုင်မယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာ မြန်မာစစ်တပ်က လေယာဉ်ဗုံးကျဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၃၀၀၀ လောက် ထိုင်းဘက်ထွက်ပြေးနေရပြီး ထိုင်းအစိုးရက အရင်ကလက်ခံခြင်းမရှိပေမယ့် အခုစပြီး လက်ခံနေပြီလို့ ပဒိုမန်းမန်းကပြောပါတယ်။

ကရင်ပြည်နယ်ထဲက စစ်ရေးအခြေအနေတွေ၊ ဒုက္ခသည်အခြေအနေတွေနဲ့ CRPH နဲ့ ပတ်သက်တဲ့ KNU ရဲ့ သဘောထားတွေကို KNU တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းကို RFA ဝိုင်းတော်သား စောဖိုးခွား ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org