မြစ်ဆုံ-ဒေသ ကချင် ခရစ်ယာန် ဘုန်းတော်ကြီးနှင့်တွေ့ဆုံမေးမြန်းခြင်း
2013.02.15
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ဆုံဒေသ၊ တန်ဖရဲရွာမှာ ကျောင်းဆရာမတွေ ကျောင်းသား၊ ကျောင်းသူလေးတွေအပါအဝင် ဒေသခံအယောက် ၂၀ လောက်ကို KIA ကချင်လွတ်မြောက်ရေး တပ်မတော်က အဓမ္မစစ်သားစုဆောင်းသွားခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြစ်ဆုံ-တန်ဖရဲကျေးရွာက ရိုမန်ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာ သောမတ်စ် ဂွမ်ရိုင်အောင် ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တွေ့ဆုံမေးမြန်းထားပါတယ်။