ကေအိုင်အေနဲ့ အစိုးရ တိုက်ပွဲဖြစ်
မနေ့က မနက်ပိုင်းက KIA တပ်မဟာ ၂ တပ်ရင်း၆က တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်တို့ကြား မြစ်ကြီးနား-ဖားကန့်လမ်း၊ နန့်ယား နှင့် ဖားကန့် ကြား တံတားညီနောင်အနီးမှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
-
2016-07-08 -
-
-
Your browser doesn’t support HTML5 audio
မနေ့က မနက်ပိုင်းက KIA တပ်မဟာ ၂ တပ်ရင်း၆က တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်တို့ကြား မြစ်ကြီးနား-ဖားကန့်လမ်း၊ နန့်ယား နှင့် ဖားကန့် ကြား တံတားညီနောင်အနီးမှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဟာ မနက် ၆ နာရီခန့်ကနေ ၁၁နာရီအထိ ဖြစ်ပွားခဲ့တယ်လို့ KIA ကပြောပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး KIO အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူး ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။