တိုက်ပွဲရပ်ဖို့ ကရင်အမျိုးသား အကြိုညီလာခံ မေတ္တာရပ်ခံ
2015.07.05
ရန်ကုန်မြို့မြန်မာကွန်ဗန်းရှင်းစင်တာ MCC မှာ ဇူလိုင်၂ ရက် နေ့ကနေ ၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ကရင်အမျိုးသားအကြိုညီလာခံကို ကရင်တိုင်းရင်း သားရေးရာ ဝန်ကြီးတွေ၊ ကရင်လက် နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။
ညီလာခံနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားစည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးကော်မတီက ဒေါ်နန်းခင် အေးဦးကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။