ကရင်ပါတီ ၅ ခု ပူးပေါင်းဖို့ သဘောတူညီ
ကရင်ပြည်နယ်ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကရင်ဒီမိုကရက် တစ်ပါတီနဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ အစရှိတဲ့ ကရင်ပါတီ ၅ ခု က ခေါင်းဆောင်တွေဟာ ပါတီတစ်ခုတည်းအဖြစ် ပူးပေါင်းဖို့ အတွက် ဒီနေ့ကရင် ပြည်နယ်၊ ဘားအံမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
-
2016-02-27 -
-
-
Your browser doesn’t support HTML5 audio
ကရင်ပြည်နယ်ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကရင်ဒီမိုကရက် တစ်ပါတီနဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ အစရှိတဲ့ ကရင်ပါတီ ၅ ခု က ခေါင်းဆောင်တွေဟာ ပါတီတစ်ခုတည်းအဖြစ် ပူးပေါင်းဖို့အတွက် ဒီနေ့ကရင် ပြည်နယ်၊ ဘားအံမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ကရင်ပါတီတွေအနေနဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA၊ ညီနောင်တိုင်းရင်း သားလူမျိုးများဖက်ဒရေးရှင်း NBF၊ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် FDA တို့နဲ့ အသီးသီးမဟာမိတ် ပြုထားတာတွေရှိပြီး ပါတီတစ်ခုတည်းအဖြစ် မပူးပေါင်း ခင်ကြားကာလမှာ မဟာမိတ်ပြုထားမှုတွေကို ရပ်စဲထားဖို့ ဒီနေ့ တွေ့ဆုံပွဲမှာ ဆုံးဖြတ်ခဲ့ တယ်လို့ ကရင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးမန်း ကျော်ငြိမ်းက ပြောပါတယ်။
ဦးမန်းကျော်ငြိမ်းကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်းဆက်သွယ် မေးမြန်းထားပါတယ်။