ဖားကန့်မြို့နယ်က တိုက်ပွဲကြား မှာ ကျေးရွာ ၃ ရွာ ပိတ်မိနေတဲ့ အကြောင်း မေးမြန်းချက်

ဖားကန့်မြို့နယ်အတွင်းမှာ ကေအိုင်အေ တပ်ရင်း ၆ နဲ့ အစိုးရစစ်တပ်အကြား ဒီနေ့လည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ ကျေးရွာ၃ ရွာက ဒေသခံတွေကို ကယ်ဆယ်ဖို့လည်း ခက်ခဲနေတယ်လို့ မြစ်ကြီးနား မြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အဖွဲ့ဝင် ဦးအင်ရှန်ဆန်းအောင်က ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ ကေအိုင်အေ တပ်ရင်း ၆ နဲ့ အစိုးရစစ်တပ်အကြား ဒီနေ့လည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ ကျေးရွာ၃ ရွာက ဒေသခံတွေကို ကယ်ဆယ်ဖို့လည်း ခက်ခဲနေတယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အဖွဲ့ဝင် ဦးအင်ရှန်ဆန်းအောင်က ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲတွေရပ်စဲဖို့အတွက် PCG က ညှိနှိုင်းနေပေမယ့် ပြေလည်မှုမရသေးဘူးလို့လည်း သိရပါတယ်။ ဦးအင်ရှန်ဆန်းအောင်ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org