0:00 / 0:00
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်စဲဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့အတွက် မနက်ဖြန် ရန်ကုန်မြို့မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေး လူထုလမ်းလျှောက်ချီတက်ပွဲကို ရဲတပ်ဖွဲ့က ခွင့်ပြုချက်မပေးပေမယ့် ဆက်လုပ်သွားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။
ငြိမ်းချမ်းရေးလမ်းလျှောက်ချီတက်ပွဲ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မသဉ္ဇာရွှန်းလဲ့ရည်ကို RFA သတင်းထောက်မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။