ရွာသားတွေကို ပြန်လွှတ်ပေးဖို့ ကချင်ငြိမ်းချမ်းရေး ကွန်ရက် တောင်းဆို
အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ကြား တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက် ပိုင်း၊ မုံးကိုးဒေသ၊ ဖောင်ဂျွန်းပါကျေးရွာကဒေသခံ ၅၀ ကျော်ကို အစိုးရတပ်မတော်ဘက်က ဖမ်းဆီး ထားကြောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကချင် ငြိမ်းချမ်းရေးကွန်ရက်က အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
-
2016-12-02 -
-
-
Your browser doesn’t support HTML5 audio
အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးဒေသ၊ ဖောင်ဂျွန်းပါကျေးရွာကဒေသခံ ၅၀ ကျော်ကို အစိုးရတပ်မတော်ဘက်က ဖမ်းဆီးထားကြောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ပဋိပက္ခတွေ စတင်ဖြစ်ပွားတဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ဖောင်ဂျွန်းပါကျေးရွာက လူဦးရေ ၇၀ ကို ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အဲဒီထဲက တရုတ်နိုင်ငံသား ၁၂ ဦးနဲ့ မြန်မာနိုင်ငံသား ၂ ဦးကိုသာပြန်လည် လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဦးဂွမ်ရှာအောင်က ပြောပါတယ်။
ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဦးဂွမ်ရှာအောင် ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ် မေးမြန်းထားပါတယ်။