ကချင်ပြည်နယ်တိုက်ပွဲမှာ ဒေသ ခံ ၂၀၀၀ လောက် ပိတ်မိနေတဲ့ အကြောင်း မေးမြန်းချက်

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နဲ့ အစိုးရစစ်တပ်အကြား ဒီနေ့ မနက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားရာ ကျေးရွာ ၃ ရွာလောက် က ဒေသခံ နှစ်ထောင်လောက် နှစ်ဘက် တပ်တွေအကြားမှာ ပိတ်မိနေပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နဲ့ အစိုးရစစ်တပ်အကြား ဒီနေ့ မနက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားရာ ကျေးရွာ ၃ ရွာ လောက်က ဒေသခံ နှစ်ထောင်လောက် နှစ်ဘက်တပ်တွေအကြားမှာ ပိတ်မိနေပါတယ်။

အဲ့ဒီရွာသားတွေကို ကူညီဖို့အတွက် စီစဉ်နေတဲ့ ဖားကန့်မြို့နယ် ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအဖွဲ့က တာဝန်မှုး ဦးတူးရော်ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

တာဝန်မှုး ဦးတူးရော်နဲ့ မေးမြန်းချက်အပြည့်အစုံ

ဝေယံမိုးမြင့်။        ။ KIA နဲ့ အစိုးရတပ်တွေကြား ပစ်ခတ်မှုတွေပြန်ဖြစ်နေတယ် လို့သိရပါတယ်ရှင့်၊ ဘယ်အချိန်ကစပြီး ပစ်ခတ်မှုတွေပြန်ဖြစ်ပွားနေတာလဲရှင့်။

 

ဦးတူးရော်။ ။ သူများတွေပြောတာတော့ အချိန်ကမတိကျဘူးဖြစ်နေတယ်၊ ဒီမှာကျ တော့ ၆ နာရီစဖြစ်တယ်လို့ပြောတယ်၊ ဒီဖက်က စစ်တပ်ကလက် နက်ကြီးတွေ ၆ နာရီ ကနေစပစ်နေတယ်၊ ၄၅ မိနစ်လောက်ကြာတယ်၊ ၂ မိနစ်မှာ ၁ ကြိမ်အဲ့လိုပစ်နေတယ် လို့ ဒီမနက်မှာစကြားတယ်၊ မနက်ကကျတော့ ရဲတွေနဲ့ KIA နဲ့ ထိပ်တိုက်ဖြစ်ပြီးမှ KIA တွေက ရဲတွေကိုထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေထွက် လာတယ်၊ တပ်ရင်း ၆ ကတော့ ကျနော်တို့ ဒီဖားကန့်ဖက် မှာလေ စစ်တပ်ကနေထိုးစစ်ဆင်လာတယ်ပေါ့၊ လက်နက်ကြီးနဲ့ ပစ်တယ်လို့တော့ ပြောတာပဲ၊ သူကဘယ်မှာဖြစ်တယ်ဆိုတာတော့ အတိအကျပြောလို့ မရသေးဘူး၊ ဂန့်ဂေါ်၊ အောင်ဘာလေဆိုတာရှိတယ်၊ အဲ့ဒီရွာမှာတော့ ဘာမှမဖြစ်ဘူးလို့ကြားတယ်။

 

ဝေယံမိုးမြင့်။        ။ အဲ့လို ၂ ဖက်ပစ်ခတ်မှုတွေကြောင့်ကြားမှာရှိတဲ့ ရွာတွေပိတ်မိနေ တယ်လို့ သိရပါတယ်ရှင့်၊ အဲ့ဒီအခြေအနေလေးကိုလဲပြောပြပေးပါဦး။

 

ဦးတူးရော်။ ။ သန်းခေါင်၊ အောင်ဘာလေရွာရှိတယ်၊ အဲ့ဒီမှာသူတို့ပိတ်မိနေတယ်လို့ ဆက်သွယ်လာတယ်၊ အပြင်ထွက်လို့မရဘူး၊ သူတို့ကို လာကယ်ပါလို့ ကျနော်ဆီလဲ သူတို့ဖုန်းဆက်လာပါတယ်၊ ရွာကြီးတွေ ကျေးရွာလိုမဟုတ်ပါဘူး၊ ကျေးရွာလိုလဲ လူများများနေတဲ့ဟာမဟုတ်ပါဘူး၊ သိပ်တော့မရှိလောက် ပါဘူး၊ ထောင်ပတ်ဝန်းကျင် လောက်ပဲရှိမယ်၊ ခန့်မှန်းတာပေါ့နော်။

 

ဝေယံမိုးမြင့်။        ။ လက်ရှိမှာ ပိတ်မိနေတဲ့ ကျေးရွာသားတွေကို ဘယ်လိုကယ်ထုတ် ဖို့များ ဆောင်ရွက်နေပါလဲရှင့်။

 

ဦးတူးရော်။ ။ ဒီဖက်မှာ ကျနော်တို့အားလုံးတိုင်ပင်နေကြတယ်၊ လူကြီးတွေလဲတိုင်ပင် နေကြတယ်၊ ကျနော်တို့ကတော့ ကယ်ဖို့အစီအစဉ်ရှိပါတယ်၊ အချိန်မရွေး ပါပဲ၊ ကျနော်တို့ဒီထဲမှာရှိနေတဲ့လူအားလုံး၊ ဒီအသင်းတော်ကရော၊ လူမှုရေးအသိုင်းအဝိုင်း ကရော ကားတွေလာကြိုဖို့အတွက် အဆင့်သင့်လုပ်ထားပါဆိုတော့ အားလုံးက အဆင်သင့်လုပ်နေကြပါတယ်၊ ကယ်ဆယ်ဖို့အတွက်က မလွယ်ဘူး လို့ပြောနေတယ်၊ ခွင့်မပြုဘူးလို့ပြောနေတယ်၊ သန်းခေါင်အောင် ဘာလေ နှစ်ချင်းအသင်းတော်မှာစုဝေး နေကြတယ်တဲ့၊ လာကယ်ဖို့ပြောနေတယ်၊ ဆရာကိုလဲသူတို့ဖုန်းဆက်လာတယ်၊ အဲ့တော့အားလုံးနဲ့ သွားပြော ကြည့်တော့ လာကယ်ဖို့မလွယ်ဘူးဖြစ်နေတယ်။

 

ဝေယံမိုးမြင့်။        ။ ဒီလိုမျိုးပိတ်မိတာတွေကို အစိုးရဖက်ကရောဘာတွေများ ပြောကြားတာရှိလဲရှင့်။

 

ဦးတူးရော်။ ။ သူတို့နဲ့ ဘယ်သူနဲ့မှလဲမသိဘူး၊ ဒါပေမယ့် ဘယ်သူမှ သွားလို့မရဘူး ဆိုတဲ့ သတင်းပဲရနေတယ်၊

 

ဝေယံမိုးမြင့်။        ။ KIA နဲ့ အစိုးရနှစ်ဖက် ဒီလိုမျိုးပစ်ခတ်မှုတွေပြန်ဖြစ်ပွားတာဟာ ဘာကြောင့်လို့ထင်ပါလဲရှင့်၊

 

ဦးတူးရော်။ ။ ဒါကတော့ လူကြီးတွေကဆွေးနွေးလိုက်၊ အောက်ခြေမှာစစ်ပြန်ဖြစ်လိုက် အမြဲတမ်းဒီလိုဖြစ်တယ်၊ ဧည့်သည့်တစ်ခါလာပြီ ဆိုရင် ကောင်းကောင်းလေးပြောလိုက်၊ အောက်ခြေမှာ စစ်ပြန်ဖြစ်လိုက်၊ အဲ့လိုပေါ့ကွာ၊ လောလောဆယ်ကတော့ အားလုံးသိ တဲ့အတိုင်း ဖေဖော်ဝါရီ ၁၂ ရက်မှာ လက်မှတ်ထိုးမယ်ဆိုတော့၊ အစိုးရကတော့ လက်မှတ်ထိုးမှာပေါ့၊ ဒါပေမယ့် စစ်တပ်ကတော့ မထိုးချင်ဘူးပေါ့၊ သူတို့ရဲ့စရိုက်ပဲလေ၊ အဲ့တော့ သူတို့ကပဲပြဿနာ ရှာတာပေါ့၊ ဒီနေရာမှာမှ KIA တွေစပစ်တဲ့နေရာမှ မရှိတာ၊ အစကလဲ ဖားကန့်ဖက်မှာ KIA တွေစပစ်တာမရှိဘူး၊

 

ဝေယံမိုးမြင့်။        ။ အခုလိုဖြေကြားပေးလို့ကျေးဇူးတင်ပါတယ်ရှင့်။

 

 

 

 

 

 

 

 

 

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org