NLD ကို မဲပေးတာကြောင့် ထွက်ပြေးရတဲ့ CDM စစ်သားတစ်ဦးရဲ့ ပြောကြားချက်
ပဲခူးမြို့၊ ပင်မထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်က တပ်သား ဇင်ဘိုဘိုထွန်း ဟာ၊ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ NLD ကို မဲပေးခဲ့တာကို စစ်တပ်အကြီးအကဲတွေက မဲပုံးဖောက်စစ်ဆေးရာမှာ သိသွားတဲ့အတွက် ဒိဇင်ဘာလကုန်ပိုင်းမှာ တပ်ကနေ ခေတ္တတိမ်းရှောင်ခဲ့တယ်လို့ တပ်သား ဇင်ဘိုဘိုထွန်း က ပြောပါတယ်။
- 2021-04-01
-
-
-
CDM ဆိုင်းဘုတ်ရှေ့မှာ ရပ်နေတဲ့ စစ်သားတစ်ဦးကို ရန်ကုန်မှာ တွေ့ရစဉ်
ပဲခူးမြို့၊ ပင်မထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်က တပ်သား ဇင်ဘိုဘိုထွန်း ဟာ၊ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ NLD ကို မဲပေးခဲ့တာကို စစ်တပ်အကြီးအကဲတွေက မဲပုံးဖောက်စစ်ဆေးရာမှာ သိသွားတဲ့အတွက် ဒိဇင်ဘာလကုန်ပိုင်းမှာ တပ်ကနေ ခေတ္တတိမ်းရှောင်ခဲ့တယ်လို့ တပ်သား ဇင်ဘိုဘိုထွန်း က ပြောပါတယ်။
အဲဒီနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းချိန်မှာ မိခင်တပ်ရင်းကို မပြန်ရဲတော့ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ တစ်လကျော်ကြာ ပါဝင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
မတ်လအလယ်ပိုင်းမှာတော့ ထိုင်း-မြန်မာ နယ်စပ်တစ်နေရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အခုအခါ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတစ်ခုမှာ ခိုလှုံနေပါတယ်။
တပ်သား ဇင်ဘိုဘိုထွန်း ရဲ့ ပြောကြားချက်တွေကို နားဆင်နိုင်ပါတယ်။