သတင်းထောက်နှစ်ဦး အဖမ်းခံရမှုကြောင့် YJS က သင်တန်းရပ်ဆိုင်း

နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ ရိုက်တာ သတင်းဌာနက သတင်းထောက် ၂ ယောက်ကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာတွေရဲ့ ဖော်ပြချက်တွေကို မကျေနပ်တာကြောင့် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်က Myanmar Digital News အဖွဲ့ကို သွားရောက် ပို့ချမယ့် သင်တန်းကို ရန်ကုန်သတင်းစာ ပညာသင်တန်းကျောင်း YJS က ရပ်ဆိုင်းထားလိုက်ပါတယ်။

နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ ရိုက်တာ သတင်းဌာနက သတင်းထောက် ၂ ယောက်ကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာတွေရဲ့ ဖော်ပြချက်တွေကို မကျေနပ်တာကြောင့်   ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်က Myanmar Digital News အဖွဲ့ကို သွားရောက် ပို့ချမယ့် သင်တန်းကို ရန်ကုန်သတင်းစာ ပညာသင်တန်းကျောင်း YJS က ရပ်ဆိုင်းထားလိုက်ပါတယ်။ အဲဒီသတင်းဖော်ပြချက်တွေဟာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၂ ယောက်ကို နစ်နာစေတယ်လို့ ယူဆတဲ့အတွက် သင်တန်းပေးမယ့်အစီအစဉ်ကို ရပ်ဆိုင်းထားတာဖြစ်တယ်လိုပ YJS ရဲ့ ဒါရိုက်တာ ဦးရဲနိုင်မိုးက ပြောပါတယ်။

ဦးရဲနိုင်မိုးကို RFA သတင်းထောက် ကိုအောင်သိင်္ခ က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org