ငရဲခန်းကိုရောက်ခဲ့သူ ဦးနေသန်မောင်ရဲ့ အတွေ့အကြုံ
ရန်ကုန်မြို့က စစ်ထောက်လှမ်းရေးတွေ နှိပ်စက်မေးမြန်းတဲ့ စစ်ကြောရေးစခန်းမှာ သူ့ကိုယ်သူ သေလူအဖြစ်သတ်မှတ်ထားခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်တာတွေကို ခံခဲ့ရတဲ့ ကမာရွတ်မီဒီယာရဲ့ အယ်ဒီတာချုပ် ဦးနေသန်မောင်က ပြောပါတယ်။
- 2021-06-28
-
-
-
စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်တာတွေကို ခံခဲ့ရတဲ့ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ဦးနေသန်မောင်။
Photo: National Enlightenment Institute - Myanmar
ရန်ကုန်မြို့က စစ်ထောက်လှမ်းရေးတွေ နှိပ်စက်မေးမြန်းတဲ့ စစ်ကြောရေးစခန်းမှာ သူ့ကိုယ်သူ သေလူအဖြစ် သတ်မှတ်ထားခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်တာတွေကို ခံခဲ့ရတဲ့ ကမာရွတ်မီဒီယာရဲ့ အယ်ဒီတာချုပ် ဦးနေသန်မောင်က ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကြောရေးစခန်းနဲ့ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံခဲ့ရပြီး မကြာခင်ရက်ပိုင်းကပဲ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်လာတဲ့ ဦးနေသန်မောင်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။