ဖမ်းဆီးခံရသူတွေကို လွှတ်မပေးဘဲ စစ်ကောင်စီနဲ့ ဆွေးနွေးရေး အဓိပ္ပါယ်မရှိဘူးလို့ ဦးကျော်မိုးထွန်း ပြော

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူအားလုံးကို လွှတ်မပေးဘဲနဲ့ စစ်ကောင်စီ နဲ့ စေ့စပ်ဆွေးနွေးရေးက တစုံတရာအဓိပ္ပါယ်ရှိမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။ Photo: RFA

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူအားလုံးကို လွှတ်မပေးဘဲနဲ့ စစ်ကောင်စီ နဲ့ စေ့စပ်ဆွေးနွေးရေးက တစုံတရာအဓိပ္ပါယ်ရှိမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ လက်ရှိမြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကောင်စီနဲ့ တွေ့ဆုံဖို့ အလားအလာအပေါ် ခုလိုပြောကြားတာပါ။

ဦးကျော်မိုးထွန်းရဲ့ လက်ရှိကုလသမဂ္ဂ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အခြေအနေ၊ NUG က ကုလသမဂ္ဂအပါအဝင် အာဆီယံနိုင်ငံ အစိုးရတွေ၊ နိုင်ငံတကာအစိုးရတွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org