ဖမ်းဆီးခံကျောင်းသားတွေကိုပြန်လွှတ်ပေးဖို့ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်း

0:00 / 0:00

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်ဖို့ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆွေးနွေး တင်ပြခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ရည်ကို RFA သတင်းထောက် မရွှေရည်မဉ္ဇူက ဆက်သွယ်မေးမြန်းထားပါတယ်။