စစ်အာဏာရှင်ရဲ့ ဘာသာရေး လူမျိုးရေးသွေးခွဲမှုကို သတိထားကြဖို့ NUG ဝန်ကြီးတိုက်တွန်း

စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ ပိုပြီးအတင့်ရဲရဲ လုပ်လာသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သတင်းအမှောင်ချတာ၊ လွတ်လပ်စွာ သတင်းဖတ်ရှုခွင့်မရအောင် VPN ပိတ်တာလိုမျိုးတွေကို လုပ်နေတာဖြစ်တယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

အာဏာသိမ်း သုံးနှစ်ပြည့်ပြီးနောက်ပိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ဖမ်းဆီးတာတွေကို ပိုပြီးအတင့်ရဲရဲ လုပ်လာသလို အဲဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြည်သူတွေမသိရအောင် သတင်းအမှောင်ချတာ၊ ပြည်သူတွေ လွတ်လပ်စွာသတင်းဖတ်ရှုခွင့်မရအောင် VPN ပိတ်တာလိုမျိုးတွေကို လုပ်နေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ စစ်တပ်ဟာ ခေတ်အဆက်ဆက် လုပ်ဆောင်နေကျအတိုင်း အခုလည်း သတင်းမှားပေးတာ၊ လုပ်ကြံဖန်တီးတာ၊ ဘာသာရေး လူမျိုးရေးပြဿနာတွေဖြစ်အောင်လုပ်ပြီး အမုန်းတရားတွေနဲ့ သွေးခွဲတာတွေကိုလည်း ဆက်လုပ်နေဆဲမို့ ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့အကွက်ထဲ ဝင်မသွားအောင် သတိရှိရှိနေကြဖို့လည်း တိုက်တွန်းပါတယ်။ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကို RFA ဝိုင်းတော်သူ မခက်မာ တွေ့ဆုံမေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org