အစိုးရအနေနဲ့ စီမံချက်တွေ ချမှတ်ပေးဖို့ အဆိုတင်သွင်း
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် အတွင်း အကြမ်းဖက်သမားတွေ နောက်ထပ်မကျူးကျော်နိုင်စေရေး အတွက် အစိုးရအနေနဲ့ စီမံချက်တွေချမှတ်ပေးဖို့ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၈)က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း က ဒီနေ့ကျင်းပတဲ့လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းခဲ့ပါတယ်။
-
2016-11-21 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း အကြမ်းဖက်သမားတွေ နောက်ထပ်မကျူးကျော်နိုင်စေရေးအတွက် အစိုးရအနေနဲ့ စီမံချက်တွေချမှတ်ပေးဖို့ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၈)က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း က ဒီနေ့ကျင်းပတဲ့လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရက ဆောင်ရွက်နေပြီဖြစ်လို့ အရေးကြီးအဆိုကို မေးခွန်းအဖြစ် ပြောင်းလဲဖို့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းက ညွှန်ကြားခဲ့တယ်လို့ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းကပြောပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ် မေးမြန်းထားပါတယ်။