IIMM အဖွဲ့အကြီးအကဲနဲ့ RFA ဆက်သွယ်မေးမြန်းချက်
မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းလိုက်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား IIMM က စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို အခုလမှာပြုလုပ်မယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်သွင်းတော့မှာ ဖြစ်ပါတယ်။
-
ရဲခေါင်မြင့်မောင်
2020-09-08 -
-
-
iimm-head-622.jpg
မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းလိုက်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား IIMM က စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို အခုလမှာပြုလုပ်မယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်သွင်းတော့မှာ ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ ဒီ IIMM အဖွဲ့ကို အသိအမှတ်မပြုကြောင်း ပြောဆိုထားပြီး IIMM အဖွဲ့ကိုလည်း မြန်မာနိုင်ငံကိုဝင်ခွင့်မပြုထားပါဘူး။
ဒါနဲ့ပတ်သက်လို့ IIMM အဖွဲ့အကြီးအကဲ Nicholas Koumjian (နီကိုလပ်စ် ကုမ်ဂျန်) ကို RFA ၀ိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။