ကျောင်းသားသမဂ္ဂ အဆောက်အအုံ တည်ဆောက်ရေးနဲ့ မေးမြန်းချက်

၁၉၆၂ ခုနှစ်က မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေးအတွက် အစိုးရဘက်က ဦးဆောင်ပြီးဆောင်ရွက်တော့မှာ မဟုတ်တော့ဘဲ ပံ့ပိုးကူညီမှုသာ ဆောင် ရွက်တော့မယ်လို့ သဘောထားပေးတာကြောင့် တည်ဆောက်ရေးလုပ်ငန်းဆွေးနွေး မှုတွေကို အသစ်ကနေ ပြန် လည်ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

၁၉၆၂ ခုနှစ်က မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအတွက် အစိုးရဘက်က ဦးဆောင်ပြီးဆောင်ရွက်တော့မှာ မဟုတ်တော့ဘဲ ပံ့ပိုးကူညီမှုသာ ဆောင်ရွက်တော့မယ်လို့ သဘောထားပေးတာကြောင့် တည်ဆောက်ရေးလုပ်ငန်းဆွေးနွေး မှုတွေကို အသစ်ကနေ ပြန်လည်ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

မနေ့က ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ကျောင်းသားသမဂ္ဂ အဆောက်အအုံ တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ကျောင်းသားမျိုးဆက်တွေ၊ လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ အစိုးရကိုယ်စားလှယ်တွေ တွေ့ဆုံတဲ့ပွဲမှာ အခုလို ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ် ကပြောပါတယ်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org