တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောတဲ့စကား ထူးခြား
တရုတ်နိုင်ငံခြားရေးဝမ်ယိက NLD အပါအဝင်နိုင်ငံရေးပါတီတွေနဲ့ သူတို့ရှည်ကြာတဲ့ ဆက်ဆံရေးရှိတယ်၊ သွေးထွက်သံယိုမှုတွေ နောက်ထပ်မဖြစ်အောင် ကာကွယ်ဖို့နဲ့ တင်းမာမှုတွေ အမြန်ဆုံးဖြေလျှော့ဖို့ လိုတယ်၊ လက်ရှိပြဿနာတွေကို ဖွဲ့စည်းပုံနဲ့အညီ ဥပဒေဘောင်အတွင်းက ညှိနှိုင်းဆွေးနွေးကြဖို့မျှော်လင့်တယ် စသဖြင့် မတ်လ ၇ ရက်နေ့က ပြောကြားခဲ့ပါတယ်။
-
ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021-03-08 -
-
-
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက NLD အပါအဝင်နိုင်ငံရေးပါတီတွေနဲ့ သူတို့ရှည်ကြာတဲ့ဆက်ဆံရေးရှိတယ်၊ သွေးထွက်သံယိုမှုတွေ နောက်ထပ်မဖြစ်အောင် ကာကွယ်ဖို့နဲ့ တင်းမာမှုတွေ အမြန်ဆုံးဖြေလျှော့ဖို့ လိုတယ်၊ လက်ရှိပြဿနာတွေကို ဖွဲ့စည်းပုံနဲ့အညီ ဥပဒေဘောင်အတွင်းက ညှိနှိုင်းဆွေးနွေးကြဖို့မျှော်လင့်တယ် စသဖြင့် မတ်လ ၇ ရက်နေ့က ပြောကြားခဲ့ပါတယ်။
တရုတ်ဝန်ကြီးရဲ့ အခုလိုပြောဆိုချက်နဲ့ လက်ရှိ နွေဦးတော်လှန်ရေး အခြေအနေတွေအပေါ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုဂျင်မီကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။