လက်နက်မဲ့ပြည်သူတွေကို စစ်တပ်ကအကြမ်းဖက်ရင် ကာကွယ်သွားမယ်လို့ KIA ပြော
ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်အစိုးရက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမယ်ဆိုရင် ကချင်လွတ်မြောက်ရေး တပ်မတော် KIA အနေနဲ့ ပြည်သူလူထုဘက်ကနေပြီး ကာကွယ်ပေးသွားမယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောလိုက်ပါတယ်။
-
စောဖိုးခွား
2021-02-10 -
-
-
ရန်ကုန်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတခု။
Photo: RFA
ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်အစိုးရက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမယ်ဆိုရင် ကချင်လွတ်မြောက်ရေး တပ်မတော် KIA အနေနဲ့ ပြည်သူလူထုဘက်ကနေပြီး ကာကွယ်ပေးသွားမယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောလိုက်ပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့အပေါ် KIA အနေနဲ့ ဘာသဘေားထားမှတ်ချက်ပေးမှ မပေးနိုင်သေးဘူးလို့လည်း ဆိုပါတယ်။ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို RFA ဝိုင်းတော်သား စောဖိုးခွား ဆက်သွယ်မေးမြန်းထားပါတယ်။