ဒေါက်တာဝင်းမြတ်အေးနဲ့ မေးမြန်းခန်း (ဒုတိယပိုင်း)
မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက ရေကြီးမှုနဲ့မြေပြိုမှု အခြေအနေတွေနဲ့ပတ်သက်ပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို RFA ဝိုင်းတော်သူ မအေးအေးမွန်က တွေ့ဆုံမေးမြန်းထားပါတယ်။
-
2019-08-20 -
-
-
aam-622.jpg
မွန်ပြည်နယ် ပေါင်မြို့နယ် မလတ်တောင်ပြိုကျမှုကြောင့် လူ ၇ဝ ကျော်သေဆုံးခဲ့ပြီး ရေကြီးရေလျှံမှုတွေကြောင့် နောက်ထပ် ၇ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် မွန်ပြည်နယ်နဲ့ကပ်လျက် တနင်္သာရီတိုင်းမှာလည်း လူ လေးဦး သေဆုံးခဲ့ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို RFA ဝိုင်းတော်သူ မအေးအေးမွန်က သြဂုတ်လ ၁၆ ရက် သောကြာနေ့က တွေ့ဆုံမေးမြန်းထားပါတယ်။
ရိုက်ကူး - သီဟထွန်း၊ ဝင်းကိုကိုလတ်